Sunday 7 March 2010

Ngang kang u ga! (myen ga shagawp)

ခိုင်မြဲစေပါ။

မထင်မှတ်မှုတွေကြားမှာ
ခိုင်မာတဲ့ ဘ၀ရည်မှန်းချက်တွေနဲ့
မယိုင်နဲ့စေချင်တဲ့ ခြေလှမ်းတွေ
မယိုယွင်းနိုင်တော့မယ့် စိတ်ဓါတ်တွေ


မထင်မှတ်ထားတဲ့အချိန်...မထင်မှတ်မှုတွေကြား
ထင်မထားခဲ့မိတဲ့အရာတွေနဲ့ ကစဥ့်ကလျား
ကြွေကျသွားတဲ့စိတ်အင်အား နဂိုအတိုင်းပြန်ဆောက်တည်ဖို့မဖြစ်နိုင်ပါ
လေးလံလွန်းတဲ့ခြေလှမ်းလေး တစ်လှမ်းလေးလှမ်းနိုင်ဖို့ခက်စမြဲ။

ဒီလို..ဒီလို
ချည့်နဲ့နေတဲ့စိတ်ခွန်အား နှေးကွေးလှတဲ့ခြေလှမ်းကြား
ဘ၀ရည်မှန်းချက်တွေပျောက်မသွားစေချင်ပါ။

ထင်မှတ်မထားတဲ့ လှိုင်းတွေနဲ့ကြုံတိုင်း
နဂိုထက်ပိုခိုင်မာတဲ့ စိတ်အင်အားကို ပိုင်ဆိုင်စေပါ။
နှေးကွေးနေတဲ့ခြေလှမ်းကို ရပ်တန့်မသွားစေနဲ့
ဒီလှိုင်းတွေကို စွမ်းဆောင်နိုင်တဲ့ ခွန်အားဖြစ်စေပါ။

မျှေင်လင့်မထားတဲ့ လှိုင်းကြမ်းတွေဟာ

မဖိတ်ခေါ်ဘဲ ဘ၀ခရီးထဲရောက်လာစမြဲပါ။

ဒီလိုမထင်မှတ်မှုတွေကြားမှာ……

……….ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ကို

ခိုင်မြဲစေပါ။

By: flyingbird

2nd March, 2010. (2:59 PM)

No comments:

Post a Comment